ကလယ်မွန့် – လန်းစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၅ ရက် ည ၁၀:၃၀ နာရီ)
နိုင်ငံတကာပွဲတွေမတိုင်မီမှာ နှစ်သင်းစလုံး ရလဒ်ကောင်းတွေ ဆက်တိုက်ယူထားပြီး ခြေစွမ်းတည်ငြိမ်ခဲ့တယ်။ ကလယ်မွန့်က တန်းဆင်းဇုန်ထဲ ရုန်းထွက်နေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာဆို အမှတ်ရအောင် ပိုပြီးကြိုးစားကစားတတ်တယ်။ ဒါပေမဲ့ လန်းစ်က မာဂုဏ်ပိုမြင့်သလို၊ ကလယ်မွန့်ထက်လည်း အရည်အသွေးအရ ပိုသာနေတယ်လို့ဆိုရမယ်။ လန်းစ် ကပ်နိုင်သွားဖို့ရှိတယ်။
စထရာဘိုး – မာဆေးလ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက် နံနက် ၂:၃၀ နာရီ)
တန်းဆင်းဇုန်နဲ့ ဝေးရာကို ရုန်းထွက်ဖို့ ကြိုးစားနေပေမဲ့ စထရာဘိုးရဲ့ခြေစွမ်းက လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။ ဒါပေမဲ့ မာဆေးလ်ကလည်း ခြေစွမ်းရော စိတ်ဓာတ်ပိုင်းပါ အောက်ကိုထိုးကျနေတဲ့အသင်းဖြစ်တယ်။ စထရာဘိုး အမှတ်ရနိုင်ပါတယ်။