နည်းပြ တန်ဟက်ဂ် နဲ့ ဗာရန်းတို့ကြား အဆင်မပြေမှုတွေ ရှိနေတယ်လို့ သတင်းထွက်လာခဲ့

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ် နဲ့ နောက်ခံ ကစားသမား ရာဖယ်လ် ဗာရန်းတို့ရဲ့ကြား ဆက်ဆံရေးပိုင်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ဗာရန်းကလည်း ယူနိုက်တက်ကနေ ထွက်ခွာချင်နေတယ်လို့ သိရှိရပါတယ်။ လတ်တလောမှာ ပြင်သစ် လက်ရွေးစင် ဝါရင့် ခံစစ်ကစားသမားကြီး ဗာရန်းနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့ ကောလဟာလတွေ တောက်လျှောက် ထွက်ပေါ်နေခဲ့ပေမယ့် တကယ်လို့ အသင်းပြောင်းမယ်ဆိုရင် လာမယ့်နွေမှသာ အပြောင်းအရွှေ့ ဖြစ်လိမ့်မယ်လို့ အားလုံးက ထင်ကြေးပေးခဲ့ကြပါတယ်။ ဒါပေမယ့်လည်း တကယ်တမ်းမှာတော့ ဗာရန်း နဲ့ နည်းပြ တန်ဟက်ဂ်တို့ကြားမှာ ဆက်ဆံရေး အဖုအထစ်တွေ ရှိလာခဲ့ရပြီး မန်ချက်စတာဒါဘီ ပွဲစဉ်အတွင်း သူ့ကို ကစားခွင့် မပေးခဲ့တာနဲ့ ပတ်သက်ပြီး ဗာရန်းက တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် […]
Globe Soccer Awards ဆုပေးပွဲရဲ့ ဆု(၃)ခုမှာ မဲအများဆု ရရှိနေတဲ့ ရော်နယ်လ်ဒို

ဒူဘိုင်း ဘာလွန်းဒေါလို့ လူသိများကြတဲ့ Globe Soccer Awards ဆုပေးပွဲရဲ့ ဆု(၃)ခုအတွက် ဆန်ခါတင်စာရင်းဝင်ထားတဲ့ ကစားသမားတွေထဲမှာ အယ်လ်နာဆာ အသင်းခေါင်းဆောင် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုက မဲအများဆုံးအဖြစ် ရပ်တည်လျက် ရှိနေပါတယ်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ (၁၄)ကြိမ်မြောက်အဖြစ် ကျင်းပသွားမယ့် Globe Soccer Awards ဆုပေးပွဲအတွင်း ဘောလုံးဆုပေါင်း (၁၁)ဆုနဲ့ ဒစ်ဂျစ်တယ်ဆုတွေ အားလုံးပေါင်း (၁၇)ဆုအထိ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ အခုလည်း ရော်နယ်လ်ဒိုဟာ 2023 Globe Soccer Awards ရဲ့ Best Men’s Player Awards ဆုအတွက် ထိပ်ဆုံးနေရာကနေ voting အသာကြီးနဲ့ ဦးဆောင်နေသလို ပရိသတ်အကြိုက်ဆုံး တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု နဲ့ အရှေ့အလယ်ပိုင်း […]
ကွန်ဂိုလက်ရွေးစင်အဖြစ် ယှဉ်ပြိုင်ကစားရန် ဝမ်ဘစ်ဆာကာ စဉ်းစားနေ

မန်ယူအသင်း၏ နောက်ခံလူ ဝမ်ဘစ်ဆာကာသည် လာမည့် အာဖရိကဖလားပြိုင်ပွဲတွင် ကွန်ဂိုလက်ရွေးစင်အဖြစ် ယှဉ်ပြိုင်ကစားရန် စဉ်းစားနေကြောင်း သိရသည်။ ဝမ်ဘစ်ဆာကာ(၂၅ နှစ်)သည် ကွန်ဂိုယူ-၂၀ အသင်းအတွက် ကစားပေးခဲ့ဖူးသူဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်အဖြစ် လက်ရှိအချိန်အထိ ရွေးချယ်ခံရခြင်းမရှိသည့်အတွက် ကွန်ဂိုလက်ရွေးစင်အဖြစ် ယှဉ်ပြိုင်ကစားရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရသည်။ အာဖရိကဖလား ယှဉ်ပြိုင်မည့် ကွန်ဂိုအသင်းက ၎င်း၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေပြီး ရွေးချယ်မှုပြုလုပ်ရန် အသင့်ဖြစ်နေကြောင်း သိရသည်။
လက်ရှိလူစာရင်းအရ ယှဉ်ပြိုင်မှုရှိစေရန် တွန်းအားဖြစ်စေနိုင်သလို စိတ်ပျက်စရာအခြေအနေများရှိလာနိုင်ကြောင်း ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာ ဝန်ခံ

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက ပွဲစဉ်တစ်ပွဲတွင် ၁၁ ဦးသာ ပွဲထွက်ကစားခွင့်ရနိုင်သဖြင့် လက်ရှိလူစာရင်းအရ အချင်းချင်းယှဉ်ပြိုင်မှုရှိစေရန် တွန်းအားဖြစ်စေနိုင်သလို စိတ်ပျက်စရာအခြေအနေများ ရှိလာနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ ချယ်လ်ဆီးအသင်းသည် အသင်းပိုင်ရှင် သစ်တော့ဒ်ဘိုလီလက်ထက်တွင် နည်းပြအပါအဝင် အပြောင်းအလဲများစွာပြုလုပ်ထားပြီး နွေရာသီနှင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ၁၇ ဦး ကို ပေါင်သန်း ၅၅၀ ကျော် အသုံးပြု၍ ခေါ်ယူထားသည်။ လက်ရှိတွင် လိုင်ယွန်အသင်းထံ ပြန်လည်အငှားချထားသည့် ဂူစတိုနှင့် အလုပ်လုပ်ခွင့်ပါမစ် စောင့်ဆိုင်းနေရသည့် အန်ဒရေဆန်းတို့စ်မပါဝင်ပါက ချယ်လ်ဆီး အသင်း၏ ပထမအသင်း လူစာရင်းတွင် ကစားသမား ၃၁ ဦးအထိရှိနေသည်။ ပရီးမီးယားလိဂ်၌ ပွဲစဉ်တစ်ပွဲလျှင် ပွဲထွက်ကစားသမား ၁၁ ဦးနှင့် အရန်ကစားသမား ကိုးဦးသာ စာရင်းထည့်သွင်းခွင့်ပြုသောကြောင့် ချယ်လ်ဆီးအသင်းအနေဖြင့် ကစားသမား ပိုလျှံသည့်ပြဿနာ ရင်ဆိုင်ရဖွယ်ရှိနေခြင်း ဖြစ်သည်။ […]
ပြင်သစ်လီဂူးပွဲစဉ် (၁၃) ပွဲကြိုသုံးသပ်ချက်

ကလယ်မွန့် – လန်းစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၅ ရက် ည ၁၀:၃၀ နာရီ) နိုင်ငံတကာပွဲတွေမတိုင်မီမှာ နှစ်သင်းစလုံး ရလဒ်ကောင်းတွေ ဆက်တိုက်ယူထားပြီး ခြေစွမ်းတည်ငြိမ်ခဲ့တယ်။ ကလယ်မွန့်က တန်းဆင်းဇုန်ထဲ ရုန်းထွက်နေတဲ့အသင်းဖြစ်ပြီး အိမ်ကွင်းမှာဆို အမှတ်ရအောင် ပိုပြီးကြိုးစားကစားတတ်တယ်။ ဒါပေမဲ့ လန်းစ်က မာဂုဏ်ပိုမြင့်သလို၊ ကလယ်မွန့်ထက်လည်း အရည်အသွေးအရ ပိုသာနေတယ်လို့ဆိုရမယ်။ လန်းစ် ကပ်နိုင်သွားဖို့ရှိတယ်။ စထရာဘိုး – မာဆေးလ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၆ ရက် နံနက် ၂:၃၀ နာရီ) တန်းဆင်းဇုန်နဲ့ ဝေးရာကို ရုန်းထွက်ဖို့ ကြိုးစားနေပေမဲ့ စထရာဘိုးရဲ့ခြေစွမ်းက လိုအပ်ချက်တွေ ရှိနေဆဲပါပဲ။ ဒါပေမဲ့ မာဆေးလ်ကလည်း ခြေစွမ်းရော စိတ်ဓာတ်ပိုင်းပါ အောက်ကိုထိုးကျနေတဲ့အသင်းဖြစ်တယ်။ စထရာဘိုး အမှတ်ရနိုင်ပါတယ်။
Gaming APP Myanmar
BK959 Register Viber Channel Telegram Chat BK959 Facebook
ပွဲကျပ်ကာလမှာ ကစားသမားတွေ ဒဏ်ရာမရဖို့ မျှော်လင့်မိပါတယ် ဆိုတဲ့ တန်ဟက်ဂ်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က မကြာခင် ဆက်တိုက် ကစားရတော့မယ့် ဒီဇင်ဘာ ပွဲကျပ်ကာလမှာ အသင်းရဲ့ ကစားသမားတွေ ဒဏ်ရာမရကြဖို့ မျှော်လင့်မိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ အဲရစ် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်း ချန်ပီယံ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အဆင့်(၃)နေရာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အဓိက နောက်ခံလူတွေ မကြာခဏ ဒဏ်ရာ ရနေတာကြောင့် တည်ငြိမ်တဲ့ ကစားပုံကို ရရှိဖို့ ရုန်းကန်နေရပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ရာသီအစမှာတင် ဘယ်နောက်ခံလူ နှစ်ဦး ဖြစ်တဲ့ လုခ်ရှောနဲ့ မာလာစီယာတို့ကို ကြွက်သားဒဏ်ရာတွေကြောင့် ကာလရှည် […]