Skip to main content

BK959 Myanmar

man-utd-injured

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က မကြာခင် ဆက်တိုက် ကစားရတော့မယ့် ဒီဇင်ဘာ ပွဲကျပ်ကာလမှာ အသင်းရဲ့ ကစားသမားတွေ ဒဏ်ရာမရကြဖို့ မျှော်လင့်မိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်း ချန်ပီယံ ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အဆင့်(၃)နေရာကိုလည်း သိမ်းပိုက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ အဓိက နောက်ခံလူတွေ မကြာခဏ ဒဏ်ရာ ရနေတာကြောင့် တည်ငြိမ်တဲ့ ကစားပုံကို ရရှိဖို့ ရုန်းကန်နေရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ရာသီအစမှာတင် ဘယ်နောက်ခံလူ နှစ်ဦး ဖြစ်တဲ့ လုခ်ရှောနဲ့ မာလာစီယာတို့ကို ကြွက်သားဒဏ်ရာတွေကြောင့် ကာလရှည် ဆုံးရှုံးခဲ့ရသလို သူတို့နှစ်ဦးရဲ့ နေရာအတွက် အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဘယ်နောက်ခံလူသစ် ရယ်ဂွီလွန်ကလည်း အဖျားရောဂါကြောင့် အသင်းရဲ့ ပွဲစဉ်အတော်များများကို လွဲချော်ခဲ့ပါတယ်။

ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်ရဲ့ နောက်ထပ် အဓိက နောက်ခံလူတွေ ဖြစ်ကြတဲ့ ဘစ္စကာနဲ့ မာတီနက်ဇ်တို့ကလည်း ဒဏ်ရာပြဿနာတွေကြောင့် ကာလရှည် အနားယူခဲ့ရပြီး ဘစ္စကာက မကြာသေးမီကမှ အသင်းအတွက် ပြန်ကစားပေးနိုင်သလို မာတီနက်ဇ်ကလည်း အခုမှ အပေါ့စား လေ့ကျင့်ခန်းတွေ ပြန်လုပ်နိုင်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။

လက်ရှိမှာတော့ ယူနိုက်တက်ရဲ့ ဒဏ်ရာရ ကစားသမား အများစုက အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်နေကြပြီး တန်ဟက်ဂ်ကတော့ မကြာခင် ကစားရတော့မယ့် ဒီဇင်ဘာ ပွဲကျပ်ကာလ အတွင်းမှာ သူ့ရဲ့ ကစားသမားတွေ ဒဏ်ရာ ထပ်မရဖို့ မျှော်လင့်မိတယ်လို့ အဲဗာတန်နဲ့ ပွဲစဉ်အတွက် လုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က ပွဲကျပ်ကာလ မရောက်မီမှာ လိုအပ်တဲ့ ယုံကြည်မှုကို ရထားသလို ခြေစွမ်းကလည်း ပိုပို ကောင်းလာပါပြီ။ အခုချိန်မှာ ကျွန်တော်တို့ မျှော်လင့်နေတာက အခု ရှိနေတဲ့ အုပ်စုလေး ဒီအတိုင်း ဆက်ရှိနေဖို့ပါ။ ဒဏ်ရာပြဿနာတွေက ကျွန်တော်တို့အတွက် ပြဿနာ တခု ဖြစ်နေတာ အတော်လေး ကြာနေပါပြီ။ ကျွန်တော်တို့က အကောင်းဆုံး ကစားကွက်နဲ့ ကစားမယ်လို့ ကြံလိုက်တိုင်း အပြောင်းအလဲတွေ လုပ်နေရပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

One Response

Leave a Reply

Your email address will not be published. Required fields are marked *